အကျိုးအမြတ်ရရှိပိုင်ဆိုင်သူ (Beneficial Owner)

အကျိုးအမြတ်ရရှိပိုင်ဆိုင်သူ (Beneficial Owner)
အကျိုးအမြတ်ရရှိပိုင်ဆိုင်သူ (Beneficial Owner) ဆိုသည်မှာ အဖွဲ့အစည်းများ၏ ရပ်တည်မှုမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း နောက်ဆုံးတွင် ပိုင်ဆိုင်သူ (သို့မဟုတ်) ထိမ်းချုပ်သည့် လူပုဂ္ဂိုလ်များကို ဆိုလိုပါသည်။
နိုင်ငံရေးအရ ထင်ရှားသူများ (Political Exposed Person – PEP) ဆိုသည်မှာ ပြည်တွင်းတွင် ပြည်သူ့တာဝန်များကို ထမ်းဆောင်နေရသူ (သို့မဟုတ်) အပ်နှင်းထားခြင်းခံရသူများကို ဆိုလိုပါသည်။
ဥပမာ “နိုင်ငံတော် (သို့မဟုတ်) အစိုးရခေါင်းဆောင်၊ အကြီးတန်း နိုင်ငံရေးသမားများ၊ အကြီးတန်းအရာရှိများ၊ တရားစီရင်ရေး အရာရှိများ၊ တပ်မတော် အရာရှိများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ” ကိုဆိုလိုပါသည်။
……….
အာရှတွင်း EITI အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု အချက်အလက်များ ထုတ်ဖော်ခြင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ အလေ့အကျင့်နှင့် အခွင့်အလမ်းကောင်းများ၊ စိန်ခေါ်ချက်များ နှင့် လိုအပ်နေသော ထောက်ပံ့မှုများကို ဖော်ပြပါ အစီရင်ခံစာတွင် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။