အာဏာသိမ်းစစ်တပ်၏ တိုင်းပြည်ဘဏ္ဍာငွေကို ဖြုန်းတီးခဲ့မှုများ

အာဏာသိမ်းစစ်တပ်သည် နှစ်စဉ်နှစ်တိုင်း နိုင်ငံ၏ဘဏ္ဍာငွေများကို ဝန်ကြီးဌာနအားလုံးထက် များစွာရယူသုံးစွဲ နေခြင်းကို မြန်မာနိုင်ငံပြည်သူလူထုမှ ပိုမိုသိရှိနားလည်နိုင်စေရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်နှင့် ၂၀၂၁-၂၀၂၂ ၆လစာ (၃) နှစ်ကို အနီးစပ်ဆုံး နှိုင်းယှဉ်ပြီး တွေ့ရှိချက်များကို တင်ပြထားခြင်းဖြစ်ပါသည်။အရှေ့တောင်အာရှနိုင်ငံများဖြစ်သော စင်္ကာပူနိုင်ငံသည် ၂၀၁၉ – ၂၀၂၀ ခုနှစ်တွင် အစိုးရအသုံးစရိတ်၏ ၂၀.၁ ရာခိုင်နှုန်းရှိခဲ့ပြီး ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၆.၂ရာခိုင်နှုန်းနှင့် ၄.၂ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြသည်။ ၂၀၂၀-၂၀၂၁ တွင် စင်္ကာပူနိုင်ငံသည် အစိုးရအသုံးစရိတ်၏ ၁၁.၃ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၅.၅ ရာခိုင်နှုန်း နှင့် ၄ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အစိုးရ၏အသုံးစရိတ်မှ စစ်တပ်အသုံးစရိတ်ရာခိုင်နှုန်း သည် မြန်မာနိုင်ငံ အစိုးရအသုံးစရိတ်မှ အာဏာသိမ်းစစ်တပ်အသုံးစရိတ်ရာခိုင်နှုန်းထက် များစွာလျှော့နည်းနေသည်ကို မြင်တွေ့နေရပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အာဏာသိမ်းစစ်တပ်လက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့သည် နိုင်ငံတော်ဘဏ္ဍာငွေ၏စုစုပေါင်း ၂၄ ရာခိုင်နှုန်းကို ရယူသုံးစွဲ နေခဲ့သည်။

ထိုသို့နိုင်ငံတော်ဘဏ္ဍာငွေများကို ရယူသုံးစွဲနေခြင်းသည် နိုင်ငံတော်အတွက် အခက်အခဲဖြစ်စေသလို ဆင်းရဲမွဲတေမှုကို တွန်းအားပေးရာရောက်နေခဲ့ပါသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အထက်ပါ ဝန်ကြီးဌာနသုံးခုမှ နိုင်ငံတော်ဘဏ္ဍာငွေ၏ စုစုပေါင်း ၂၄ ရာခိုင်နှုန်းကို ရယူသုံးစွဲနေဆဲဖြစ်သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အာဏာသိမ်းစစ်တပ်မှထုတ်ပြန်သော စာရင်းတွင်လည်း ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့သည် နိုင်ငံတော်ဘဏ္ဍာငွေ၏ စုစုပေါင်း ၂၆ ရာခိုင်နှုန်းကို ရယူသုံးစွဲနေလျှက်ရှိသည်။မြန်မာအစိုးရ၏ဘတ်ဂျက်အသုံးစရိတ်တွင် အာဏာသိမ်းစစ်တပ်၏ အသုံးစရိတ်သည် အများဆုံးဖြစ်သည်။ ငွေလုံးငွေရင်းအသုံးစရိတ်များတွင် ပညာရေးနှင့် ကျန်းမာရေးအသုံးစရိတ် နှစ်ခုပေါင်းထက် အာဏာသိမ်းစစ်တပ်၏ ငွေလုံးငွေရင်းအသုံးစရိတ်သည် ပိုမိုများပြားနေကြောင်း တွေ့နိုင်ပါသည်။ ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အာဏာသိမ်းစစ်တပ်သည် ပညာရေးငွေလုံး‌ငွေရင်း အသုံးစရိတ်ထက်နှစ်ဆခန့် ပိုမိုများပြားစွာသုံးစွဲခဲ့ပြီး ကျန်းမာရေး ငွေလုံးငွေရင်း အသုံးစရိတ်ထက်သုံးဆခန့် ပိုမိုသုံးစွဲခဲ့ခြင်းကို မြင်တွေ့ရပါသည်။ အာဏာသိမ်းယူပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ထုတ်ပြန်ခဲ့သော ငွေလုံးငွေရင်းအသုံးစရိတ်တွင် ပညာရေး အသုံးစရိတ်ထက်သုံးဆခန့် ပိုမိုများပြားနေပြီး ကျန်းမာရေးအသုံးစရိတ်ထက်ခုနှစ်ဆနီးပါး များပြားနေသည်ကို မြင်တွေ့ ရပါသည်။

အာဏာသိမ်းစစ်တပ်မှ အစိုးရ အသုံးစရိတ်၏ (၂၀) ရာခိုင်နှုန်းနီးပါးကို ရယူသုံးစွဲနေခြင်းသည် လုပ်ရိုးလုပ်စဉ်ကဲ့သို့ဖြစ်နေ

ထို့ကြောင့် တိုင်းပြည်၏ နှစ်စဉ်အသားတင်ထုတ်လုပ်မှု (၃) ရာခိုင်နှုန်းအထိ အာဏာသိမ်းစစ်တပ်မှ သုံးစွဲ နေသည်မှာထင်ရှားပါသည်။ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်လည်း တိုင်းပြည်၏ အသားတင်ထုတ်လုပ်မှုမှ (၄.၃) ရာခိုင်နှုန်း ရယူသုံးစွဲခဲ့သည်ကိုကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်တပ်မှ အစိုးရ အသုံးစရိတ်၏ (၂၀) ရာခိုင်နှုန်းနီးပါးကို ရယူသုံးစွဲနေခြင်းသည် လုပ်ရိုးလုပ်စဉ်ကဲ့သို့ဖြစ်နေပြီး စစ်အသုံးစရိတ်ကြီးထွား လာမှုကြောင့် အစိုးရအကြွေးမြီများပြားလာမှု၊ ပညာရေးအဆင့်အတန်း နိမ့်ကျမှု၊ ကျန်းမာရေးအဆင့်အတန်းနိမ့်ကျမှု၊ ဆင်းရဲမွဲတေမှု၊ အဂတိလိုက်စားမှုနှင့် လက်ရှိနိုင်ငံမတည်ငြိမ်မှုကို မီးမောင်းထိုးပြသရာ ရောက်နေပါသည်။ ထိုသို့နိုင်ငံရေး မတည်ငြိမ်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီရှင်သန်နိုင်ရေးအတွက် အလားအလာမကောင်းနိုင်သည်မှာ ထင်ရှားနေကြောင်း တင်ပြအပ်ပါသည်။

အာရှဒေသတွင်းနိုင်ငံများဖြစ်သော စင်္ကာပူနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ပြည်တွင်း ထုတ်ကုန်တန်ဘိုး (GDP) မှ ကာကွယ်ရေးအသုံးစရိတ်များကို ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ခုနှစ် အထိ နှိုင်းယှဉ် ကြည့်ခြင်း

၂၀၁၂ ခုနှစ်မှ စတင်ပြီး နှိုင်းယှဉ်ကြည့်ရာတွင် မြန်မာစစ်တပ်သည် ၂၀၁၂ ခုနှစ်မှ မတိုင်မီကထဲက အဆိုပါနိုင်ငံများ ထက် များစွာ စစ်တပ်အသုံးစရိတ် ကိုသုံးစွဲလာသည်ကိုတွေ့နိုင်ပြီး ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့ထက် အဆပေါင်းများစွာသုံးစွဲနေသည်ကိုလဲတွေ့မြင်နိုင်ပါသည်။ဖွံ့ဖြိုးပြီးအရှေ့တောင်အာရှနိုင်ငံများတွင် နိုင်ငံ၏အသုံးစရိတ်အတွင်းမှ ကာကွယ်ရေးအသုံးစရိတ်များ သည် မြန်မာနိုင်ငံကာကွယ်ရေးအသုံးစရိတ်ထက် များစွာလျှော့နည်းနေသည်ကို တွေ့မြင်နိုင်ပါသည်။ ၂၀၂၁ အတွက် CEO World မဂ္ဂဇင်းသုတေသနမှ အရှေ့တောင်အာရှနိုင်ငံများမှတွင် လူနေမှုအဆင့်အတန်းအမြင့်ဆုံး နိုင်ငံများမှာ စင်္ကာပူနိုင်ငံသည် အဆင့်(၁)၊ ထိုင်းနိုင်ငံသည် အဆင့်(၂) နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အဆင့်(၃) အဖြစ် လည်းကောင်း၊ CEO World မဂ္ဂဇင်းမှ သုတေသနပြုလုပ်ခဲ့သော ကမ္ဘာ့နိုင်ငံများအတွင်း (၁၆၅)နိုင်ငံမှ လူနေမှုအဆင့်အတန်း မြင့်မားသောနိုင်ငံများအဖြစ် စင်္ကာပူနိုင်ငံသည် ကမ္ဘာ့နံအဆင့်(၁၉)၊ ထိုင်းနိုင်ငံသည် အဆင့် (၃၈) နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အဆင့်(၃၉) အဖြစ်လည်းကောင်း ရပ်တည်လျှက် ရှိနေပါသည်။ထို CEO World မဂ္ဂဇင်းမှ သုတေသနပြုလုပ်ရာတွင် စီးပွားရေးတည်ငြိမ်မှု၊ မိသားစုအတွင်းအဆင်ပြေမှု၊ ကောင်းမွန်သောအလုပ်အကိုင်ဈေးကွက်ရှိနေခြင်း၊ ဝင်ငွေတန်းတူညီမျှမှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ ဘေးကင်းမှု၊ ကောင်းမွန်သော ယဉ်ကျေးမှု လွှမ်းမိုးမှုရှိနေခြင်း၊ ဖွံ့ဖြိုးတိုးတက်သော ပြည်သူ့ပညာရေးစနစ်နှင့် ကျန်းမာရေးစနစ် များ စသည်တို့ကို ထည့်သွင်းတွက်ချက်ထားပါသည်ဟုဆိုပါသည်။

အဆိုပါ စင်္ကာပူ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံများမှာ မြန်မာနိုင်ငံထက် စီးပွားရေးတိုးတက်မှု မြင့်မားသော နိုင်ငံများဖြစ်ပြီး ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများစာရင်း (LDC) ထဲတွင် ပါဝင်ခြင်းမရှိသော နိုင်ငံများဖြစ်နေခြင်း ကလည်း အချက်တစ်ချက်အဖြစ် ပါဝင်နေပါသည်။

၎င်းစစ်ရေးအသုံးစရိတ်များ မလိုအပ်ပဲ များပြားနေခြင်းကြောင့် အခြားအရေးကြီးနေရာများဖြစ်သော ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများတွင် သုံးစွဲနိုင်မှု လျော့ကျခြင်း ကြောင့်လည်း ဖွံ့ဖြိုးမှုနောက်ကျပြီး (LDC) နိုင်ငံစာရင်းမှ ရုန်းထွက်နိုင်ရန် အတားအဆီး တစ်ခု ဖြစ်နေခြင်းဟူ၍ လည်း ယူဆနိုင်သည်။ စစ်ရေးအသုံးစရိတ်ဟုဆိုရာတွင်လည်း ယခင်ဖော်ပြခဲ့သည့်အတိုင်း အမှန်တကယ် သုံးစွဲရန် မလိုအပ်ဘဲ သုံးစွဲနေခြင်းများစွာ ရှိနေသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံသည် LDC နိုင်ငံများအတွင်းမှ မလွှတ်မြောက်ရခြင်းတွင် စစ်အသုံးစရိတ်ကြောင့် ဆင်းရဲတွင်းနက်ရသည်ကလည်း အကြောင်းအရင်းတစ်ရပ် အပါအဝင်ဖြစ်နေပါသည်။Ref: https://www.statista.com