NLD, USDP, SNLDမှ ရှမ်းအမတ်များအတွက် ငါးနှစ်စာ သုံးသပ်ချက်

ရှမ်းပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲမှတစ်ဆင့် အနိုင်ရခဲ့သော လွှတ်တော်ကိုယ်စားလှယ်များအနက် ပါတီကြီးသုံးခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)တို့သည် လွှတ်တော်သုံးရပ်တွင် နေရာအများစုကို ရရှိထားသည်။ ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ဖြစ်လာသော ရှမ်းပြည်နယ်လွှတ်တော်တွင် USDP ပါတီက နေရာအများစုကို အနိုင်ရရှိခဲ့သဖြင့် စိုးမိုးထားနိုင်ခဲ့သည်။ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် USDP ပါတီမှဖြစ်သည်။ NLD ပါတီက ပြည်နယ်အစိုးရကို ဦးဆောင်ခဲ့သည်။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၏ မဲဆန္ဒနယ်များအနက် နေရာအများစုတွင် USDP ပါတီကသာ အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့တွင် အနိုင်ရခဲ့သော ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနက် USDP က ၄၉ ဦးနှင့် အများဆုံး၊ ဒုတိယမှာ SNLD က ၄၄ ဦး၊ တတိယမှာ NLD က ၃၉ ဦး ဖြစ်သည်။ ယင်းပါတီသုံးခုနှင့် အခြားပါတီများအပါအဝင် လွှတ်တော်သုံးရပ်တွင် ရှမ်းပြည်နယ်မှ အနိုင်ရခဲ့သော ကိုယ်စားလှယ်စုစုပေါင်း ၁၆၈ ဦးရှိသည်။ အမျိုးသားလွှတ်တော်တွင် NLD, USDPနှင့် SNLD တို့က အများဆုံးအနိုင်ရခဲ့သည်။ ပြည်သူ့လွှတ်တော်တွင် USDPနှင့် SNLDက အများဆုံးနေရာရခဲ့သည်။ ထိုပါတီ ၃ခုမှ လွှတ်တော်အမတ်များသည် ငါးနှစ်အတွင်း အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်များတွင် ပြည်သူများအတွက် အဆိုတင်သွင်းခြင်းနှင့် မေးခွန်းမေးမြန်းခြင်းတို့ လုပ်ဆောင်ခြင်း ရှိ မရှိ CAfT က အောက်ပါအတိုင်း စိစစ်သုံးသပ်ထားသည်။ပါတီ ၅ ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးလုံးသည် ငါးနှစ်အတွင်း ဥပဒေကြမ်း စတင်တင်သွင်းခဲ့ခြင်းမျိုး မရှိခဲ့ပေ။ SNLDမှ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃) လွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းသည် မူးယစ်ဆေးဝါးပြဿနာနှင့် ပတ်သက်သည့် အဆိုတစ်ခု တင်သွင်းအတည်ပြုနိုင်ခဲ့သည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးသည် ကြယ်ပွင့်ပြ မေးခွန်းပေါင်း ၁၀၁ ခုနှင့် ကြယ်ပွင့်မပြမေးခွန်းပေါင်း ၁၁၉ ခု မေးမြန်းခဲ့ကြသည်။ကြယ်ပွင့်ပြမေးခွန်းများတွင် USDPက အများဆုံးမေးမြန်းခဲ့သည်။ ကြယ်ပွင့်မပြ မေးခွန်းများတွင် NLDက အများဆုံးဖြစ်ပြီး SNLDက မေးမြန်းထားခြင်းမရှိပေ။ အမျိုးသားလွှတ်တော် ၁၂ ဦး မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြ မေးခွန်း စုစုပေါင်း ၂၂၀တွင် အများဆုံး မေးမြန်းကြသည်မှာ လမ်း၊ တံတား၊ အိုးအိမ်ကိစ္စရပ်များဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် တစ်ခု၊ မြေယာအရေးအတွက် ၁၃ခု၊ လျှပ်စစ်၊ စွမ်းအင်ကိစ္စရပ်အတွက် ၁၅ ခု၊ သယံဇာတဆိုင်ရာ ၄ခု၊ အလုပ်သမားအရေးအတွက် ၂ခု ရှိသည်ကို တွေ့ရသည်။ပြည်သူ့လွှတ်တော်တွင် ပါတီ ၇ ပါတီမှ ရှမ်းအမတ်၅၀ ဦးရှိပြီး ဥပဒေကြမ်း တင်သွင်းနိုင်ခြင်းမရှိပေ။အဆိုတင်သွင်းမှုအများဆုံးမှာ ကြံ့ခိုင်ရေးပါတီဖြစ်သည်။ အဆိုများတွင် သဘာ၀ပတ်ဝန်းကျင်ရေးရာ အတွက် ၃ ခု၊ အလုပ်သမားအရေးအတွက် ၁ ခုသာ ပါဝင်သည်။အမတ်၅၀ ဦးသည် ကြယ်ပွင့်ပြမေးခွန်းပေါင်း ၃၃၀ ကို မေးမြန်းခဲ့ပြီး USDP က မေးခွန်းအများဆုံး မေးခဲ့သည်။ မေးခွန်း ၃၃၀ ထဲတွင် စစ်ဘေးရှောင်ဒုက္ခသည်အရေး ၂ ခု၊ လျှပ်စစ်နှင့် စွမ်းအင်အရေး ၂၈ ခု၊ သဘာ၀ပတ်ဝန်းကျင်အရေး ၆ ခု၊ သယံဇာတအရေး ၆ ခုသာ ပါဝင်သည်။ရှမ်းပြည်နယ်လွှတ်တော်တွင်မူ ပါတီ၁၂ပါတီနှင့် တစ်သီးပုဂ္ဂလပြိုင်ရာမှ အနိုင်ရရှိခဲ့သော အမတ် ၁၀၆ ဦးရှိပြီး ကြံ့ခိုင်ရေးက ၃၂ ဦးဖြင့် နေရာအများဆုံး ရရှိထားသည်။ လွှတ်တော်တွင် ဥပဒေ ၂၉ ခုကို အတည်ပြုပြဌာန်းနိုင်ခဲ့သည်။ အဆိုတွင်မူ ၆၇ ဦး တင်သွင်းခဲ့သည့်အနက် SNLD က အဆိုအများဆုံး တင်သွင်းနိုင်ခဲ့သည့်ပါတီ ဖြစ်သည်။ အဆို ၆၀ ကျော်တွင် ငြိမ်းချမ်းရေး ၄ခု၊ လျှပ်စစ်၊ စွမ်းအင်ဆိုင်ရာ တစ်ခု၊ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ တစ်ခု၊ သယံဇာတဆိုင်ရာ ၂ခု အဆိုတင်သွင်းခဲ့သည်ကို တွေ့ရသည်။ ကြယ်ပွင့်ပြမေးခွန်းတွင်မူ စုစုပေါင်း ၁၀၉၇ ခု မေးမြန်းခဲ့ပြီး NLD က အများဆုံးမေးမြန်းခဲ့သည်။ လွှတ်တော်တွင် ပါဝင်ဆွေးနွေးမှုပေါင်း ၂၃၁ကြိမ်ရှိပြီး ပါတီအလိုက်တွင် NLD က အများဆုံးပါဝင်ဆွေးနွေးခဲ့သည်။

SNLD သည် ၂၀၁၅ ရွေးကောက်ပွဲမှတစ်ဆင့် ရှမ်းပြည်နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး နေရာရရှိထားသည်။ ရှမ်းပြည်နယ်လွှတ်တော်တွင် ၅ ဦးက တာဝန်ယူထားသည်။

NLD သည် ၂၀၁၅ ရွေးကောက်ပွဲမှတစ်ဆင့် ရှမ်းပြည်နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးနှင့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ၂ ဦးတို့ နေရာရရှိထားသည်။ ရှမ်းပြည်နယ်လွှတ်တော်တာဝန်အတွက် ၆ ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးအဖြစ် ၇ ဦး တာဝန်ယူထားသည်။

USDP သည် ၂၀၁၅ ရွေးကောက်ပွဲမှတစ်ဆင့် ရှမ်းပြည်နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦး နေရာယူထားသည်။ လွှတ်တော်တာဝန်တွင် နေရာ ၆ နေရာအတွက် ၅ ဦး၊ ရှမ်းပြည်နယ်ဝန်ကြီးအဖြစ် ၄ ဦး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တာဝန်များတွင် ၂ ဦးက တာဝန်ယူထားသည်။

YRTA’s YBS Operation

ရန်ကုန်တိုင်းအတွင်း နေ့စဉ် ခရီးသွားသူ ဦးရေ ၂ သန်းခန့်သည် အများပြည်သူပိုင်ယာဉ်လိုင်းများကို စီးနင်းနေကြရပြီး YBS ဘတ်စ်ကားများ ရှိနေလျက်နှင့် စွမ်းအားပြည့် မပြေးဆွဲခြင်းကြောင့် ပြည်သူများမှာ နေ့စဉ် ကားများပေါ် ပြည့်ကျပ်စွာစီးနင်းနေကြပါသည်။ ကားသစ်များဝယ်ယူပြေးဆွဲပေးနေသည်ဟု ဆိုထားသော YBS ဘတ်စ်ကားစနစ်တွင် ကားစီးရေ စွမ်းအားပြည့် မပြေးဆွဲခြင်းမှာ ဘာ့ကြောင့်ပါလဲ။ (Citizen Action for Transparency (CAfT) ၏ ၂၀၁၉ ဧပြီလမှ စက်တင်ဘာလအထိ ဘဏ္ဍာရေးပိုင်းဆိုင်ရာ လုပ်ဆောင်မှုများကို သုံးသပ်ထားသော “လေ့လာ စောင့်ကြည့် ဆန်းစစ်သင့်ပြီဖြစ်သော YRTA၏ စီမံခန့်ခွဲမှုများ” အစီရင်ခံစာမှ အချက်အချို့ကို ပုံဖော်ထားခြင်းဖြစ်ပါသည်)

COVID-2019 ဘတ်ဂျက် ကျပ်ဘီလီယံ ၁၀၀ ရရှိနိုင်သော နည်းလမ်း ၂ ခု CAFT ထုတ်ပြန်

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော COVID-19 ကပ်ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးနှင့် ပြန်လည် ကုစားရေးအတွက် ဘတ်ဂျက် ဘီလီယံ ၁၀၀ ရရှိသုံးစွဲနိုင်မည့် နည်းလမ်း ၂ သွယ်ကို Citizen Action For Transparency CAFT က ယနေ့ ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါ ကူးစက်ခံရနိုင်ခြေရှိသော လက်ရှိ စောင့်ကြည့်လူနာ ၅၅၀၀၀ ကျော်ကို ရှိနေပြီး ရွှေ့ပြောင်းလုပ်သားများ အပါအဝင် ပြည်သူများ၏ စားဝတ်နေရေး ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်အတွက် အနာဂတ်ကာလ ရေရှည်တွင် ဘဏ္ဍာရန်ပုံငွေ တောင့်တင်းစေရန် အထူးလိုအပ်ကြောင်း၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ဖြည့်တင်းနိုင်မှု အခွင့်အလမ်းများကို အကြံပြု တင်ပြရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြံပြုချက်အနေဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် လုပ်ငန်းများ ပုံမှန် လည်ပတ်စေရန် သာမန် အသုံးစရိတ်များ၊ ဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်နယ်/တိုင်း ဘတ်ဂျက်များကို ဗဟိုမှ လျှော့ချခြင်းမပြုသင့်ကြောင်း၊ ပြည်ထောင်စုအဆင့် ငွေလုံးငွေရင်း ဘတ်ဂျက် တစ်နေရာတည်းမှသာ လျှော့ချခြင်းဖြင့် GDP ၅ ရာခိုင်နှုန်း စံနှုန်းနှင့်ညီအောင် လျှော့ချသင့်ကြောင်း၊ ဦးစီးဌာနနှင့် နိုင်ငံတော်ပိုင် အဖွဲ့အစည်း စုစုပေါင်း ၁၅၀ ခုရေ ခန့်မှ ကျပ် ၁၁၀၀ ဘီလံယံကို ၁၀၀၀ ဘီလီယံ အထိ လျှော့ချပြီး ပိုလျှံသော ၁၀၀ ဘီလီယံကို COVID-19 အတွက် ပြန်သုံးစွဲလျှင် သင့်တော်ကြောင်း၊ အဆိုပါအကြံပြုချက်များကို မေလအတွင် စတင်မည့် ၁၆ ကြိမ်မြောက် အစည်းအဝေး အမီတင်ပြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
 

အကျိုးအမြတ်ရရှိပိုင်ဆိုင်သူ (Beneficial Owner)

အကျိုးအမြတ်ရရှိပိုင်ဆိုင်သူ (Beneficial Owner)
အကျိုးအမြတ်ရရှိပိုင်ဆိုင်သူ (Beneficial Owner) ဆိုသည်မှာ အဖွဲ့အစည်းများ၏ ရပ်တည်မှုမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း နောက်ဆုံးတွင် ပိုင်ဆိုင်သူ (သို့မဟုတ်) ထိမ်းချုပ်သည့် လူပုဂ္ဂိုလ်များကို ဆိုလိုပါသည်။
နိုင်ငံရေးအရ ထင်ရှားသူများ (Political Exposed Person – PEP) ဆိုသည်မှာ ပြည်တွင်းတွင် ပြည်သူ့တာဝန်များကို ထမ်းဆောင်နေရသူ (သို့မဟုတ်) အပ်နှင်းထားခြင်းခံရသူများကို ဆိုလိုပါသည်။
ဥပမာ “နိုင်ငံတော် (သို့မဟုတ်) အစိုးရခေါင်းဆောင်၊ အကြီးတန်း နိုင်ငံရေးသမားများ၊ အကြီးတန်းအရာရှိများ၊ တရားစီရင်ရေး အရာရှိများ၊ တပ်မတော် အရာရှိများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ” ကိုဆိုလိုပါသည်။
……….
အာရှတွင်း EITI အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု အချက်အလက်များ ထုတ်ဖော်ခြင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ အလေ့အကျင့်နှင့် အခွင့်အလမ်းကောင်းများ၊ စိန်ခေါ်ချက်များ နှင့် လိုအပ်နေသော ထောက်ပံ့မှုများကို ဖော်ပြပါ အစီရင်ခံစာတွင် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။